Category: တက်ခ်ပိုစ်


>C For Chan

>

မနက်စောစောထ မျက်လုံးနှစ်လုံးစပွင်တာနဲ့ အိပ်နေတဲ့ ကျွန်တော်ရဲ့ ပွဲကြည့်စင်(Pavilion)ပြားပြားကြီးကို အသာလေးနိုးလိုက်တယ်။ဒီကောင်ကြီးနိုးလာတော့ လုပ်နေကြအတိုင်း မေးလ်စချက်တယ်။မေးလ်မကျက်သေးခင် ဟိုနားဒီနားဆိုပြီး ဘလောခ်ပေါ်တက် ဟိုလျောက်ဒီလျောက်ငေးမလို့ လုပ်နေရင်းနဲ့မှ ဗြုန်းဆို ဆီပုန်း(ပဲဆီသန့်မဟုတ်ပါ။ဆားအုန်းဆီပုန်း။:P)က ပြုံးစိစိ မျက်နှာပေးနဲ့ ဝိုင်း ရေးထားတဲ့ စာကိုထိုးပြတယ်။”ဟေ့ကောင် မင်းညီမဝိုင်းက အိမ်စာတပုဒ်ပေးတားတယ်တဲ့။” ရေးသွားတာလဲ ကြည့်ဦး မငြင်းကောင်းစရာ။ “တက်ဂ်လေး ရေးပေးပါဦးနော်။ပျော်ရွှင်ပါစေ”တဲ့။အားကြီး အားဂျီးပျော်ပါတရ်ညီမရေ။ လာလည်သွားလို့။ ကဲ……ဘာရေးရမှာလဲဆိုတာ သူဆီသွားဖတ်တော့မှ ဒုတ်ခေါ။သွားခေါ။ဘာခေါ ညာခေါပေါ့ဗျာ။သွားတော့သွားပါပြီ။ရေရေလယ်လယ်ကို သွားပါတယ်။ဗမာလို သိပ်ရေးနေတာများလို့တဲ့ တခါတလေလဲ ရင်းဂလိပ်လိုဘာလိုလို ဘိုဆန်ဆန်လေးလဲ ဖြစ်ညစ်ရေးရအောင်တဲ့ တက်ဂ်ကြီးကြီးကိုမိတော့တာပဲဗျာ။ နဂိုထဲကမှ ဒီရင်းဂလိပ်စာကို အေဘီစီအခြေခံအဆင့်သာသာရှိတာ လုပ်ချလိုက်ပြန်ပါဂေါဂျာ။ “ကရ်ဂျပါ။ကူကြပါ ဦးဝီကီကြီးရေ” ဆိုပြီး ဦးဝီကီကြီး အိပ်နေမှန်းဘာမှန်းတောင်မစဉ်းစားနိုင်တော့ပဲ။ တံခါးကိုကျယ်ကျယ်ခေါက်။လာမဖွင့်တော့ တံခါးကို ရိုက်ချိုး။ ဖျက်ဝင်။ ဘာရမလဲ သူအနှစ်နှစ်အလလကစုထားဆောင်းတာတွေကို ဖုန်တက်နေတာကော ဘာကောမရဘူး။အကုန်သိမ်းကြုံးရှာ။အဲဒီလို ဦးဝီကီကြီးအိမ်ကို ခက်ခက်ခဲခဲ အနုစားအကြမ်းဖက်လိုက်တော့မှ ဟောရလာပါပြီ။စီဆိုတဲ့ ရင်းဂလိပ်စာတွေ ဝေါကနဲ ဝေါကနဲ အစုလိုက် အပြုံလိုက်။အဲဒါတွေ အားလုံးသိမ်းကြုံးကောက်။ရောက်ရာပေါက်ရာရောက်ဟဲ့ဆိုပြီး ကိုယ်အိမ်ထဲကို သိမ်းကြုံးထည့်လိုက်ရတယ်။ဒီမှာလဲရှိသေးတယ် သူအစမှာရေးတားတာ ဘာလဲတော့မသိဘူး။

Rules : It’s harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can’t use your name for the boy/girl name question.

ရင်းဂလိပ်လို ဖတ်ပြီး ပြောပြကြပါဦး။ဘာရေးထားတာလဲလို့။တော်ကြာ အခွန်ဆောင်ဖို့ လာတာဆိုရင်တော့ ပြောလိုက် လူဂျီးတွေ ရှိဘူးလို့။ခရေးတွေဂျီးပဲလို့။:P

1. What is your name : Chan

2. A four Letter Word : Crab

3. A boy’s Name : Charley

4. A girl’s Name : Cynthia

5. An occupation : Cabin Crew

6. A color : Chocolate

7. Something you’ll wear : Chain Of Gold (Actually I don’t have nothing look like gold :P )

8. A food : Cabbage,

9. Something found in the bathroom : Cold Water

10. A place : Cyprus

11. A reason for being late : Cab Driver doesn’t know the way

12. Something you’d shout : Cry Loudly Cry, I can’t hear you

13. A movie title : Casino Royal (James Bond 007)

14. Something you drink : Coffee (everyday) , Coke (sometimes)

15. A Musical group : Corrs (Andrea, Caroline, Sharon, Jim), Cinderella (Tom Keifer, Eric Brittingham, Jeff LaBar, Fred Coury)

16. An animal : Cow

17. A street name : Charleston Street (Georgia, U.S.A)

18. A type of car : Corolla

19. The title of a song : Come together (Beatles)

20. A verb : Carry On (Don’t Stop)

ညီမဝိုင်း နှင့် ညီမ မန်းလေရူးတဲ့ မန်းသူလေးရေ တက်ဂ်ပိုစ်လေးအတွက် ကျေနပ်မည်လို့ မျော်လင့်ပါတယ်။

ချမ်းလင်းနေ

>

စာမရေးဖြစ်တာ ကြာသွားလို့ လာရောက်လည်ပတ်ပြီးမေးသွားကြတဲ့ ဘလောခ်ရောင်းရင်းပေါင်းအသင်းများကို တောင်းပန်သမှု ဂါရဝပြုလိုက်ရပါတယ်။ စာရေးချင်စိတ်လေးကရှိပါတယ်။ဘလောခ့်ပေါ် ခြေဦးမလှည့်နိုင်လောက်အောင်ကို အလုပ်တွေပိပြားနေလိုပါ။
အခုလဲ မနှင်းက စာရေးငပျင်းအကျွန်တော့်ကို ငယ်ရွယ်စဉ်က ကျောင်းက ဆရာမက အိမ်စာပေးသလို အိမ်တိုင်ရာရောက်လာရောက် အိမ်စာတွေပေးသွားတဲ့အတွက် လာမည့်အရေးပြေးတွေ့ဆိုသလိုပါပဲ ကြံရည်ညစ်သလို ဖြစ်ညစ်ပြီး ရေးသားလိုက်ရပါတယ်။
နဂိုထဲက ကျွန်တော်စာတွေကို လာရောက်အားပေးကြတဲ့ ဘလောခ်ရောင်ရင်းပေါင်းအသင်းတွေအပေါ် လာရောက်လည်ပတ်သွားရင်းနဲ့မှ ကျွန်တော်ရဲ့ စာပေပြခန်းလေးထဲမှ အကုန်မဟုတ်ရင်တောင်မှ တစ်ခုခုဆီလောက် အကျိုးရရသွားကြတယ် ဆိုရင်ကို ကျွန်တော်အနေနဲ့ ပျော်ရွှင်ကြည်နူးရတာအမှန်ပါ။စာသိပ်မရေးဖြစ်ချိန်မှာ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းမောင်နှမ ညီအကိုတွေကိုလဲ ကျေးဇူးအထူးပါ။ တတ်နိုင်သလောက်လဲ ကြိုးစားရေးသားပါဦးမယ်။ အားပေးကြပါဦး။ ကူညီဖတ်ပေးကြပါဦး။ ဝေဖန်အကြံဥာဏ်လေးများးလဲ ပေးကြပါဦး။ ကော်မန်လေးတွေရရင်ကို ဘာနဲမှ နှိုင်းမရတဲ့ အားဆေးကောင်းတခွက် ဘလောခ်မော်ကွန်းလေးတွေပါပဲ။


လူရယ်လို့ ဖြစ်လာကြရမှတော့ လူသားဆန်ဖို့အတွက်တော့ နိစ္စဒူဝ သွားလာရှင်သန် လှုပ်ရှားရုန်းကန်ကြရမှာတော့ မလွဲဘူးလေ။
ရေဘူယျကတော့ နေ့ဆိုရင် အလုပ်လုပ်ကြမယ်၊ ညဆိုရင် အိပ်စက်အနားယူကြမယ်။
တခါတလေ တချို့သူတွေအတွက်တော့ပြောင်းပြန်အချိုးကြချင်ကြနေမယ်။ အများစုစာအတွက်ကြတော့ ဒါဟာပုံသေနည်းပဲ။
အဲဒီသီအိုရီလေးပေါ်မှာပဲ အနဲနဲ့အများ ဖြေရှင်းနေထိုင်သွားကြရတယ်။ တနေပြီးတနေ့ ဟော…..မနက်ရောက်လာပြန်ပြီ၊ နိစ္စဒူဝအလုပ်တွေ သိမ်းကြုံးလုပ်ကိုင်ရင်း ဟော…..မိုးချုပ်သွားပြန်ပြီ။
သြော်…………တခါတလေကြတော့လဲ အချိန်တွေရယ်…….. ကုန်လွယ်လိုက်တာ….. နဲတောင်နဲများနေသလားလိုထင်မိတယ်။
တခါတလေများကြပြန်တော့ အချိန်တွေက မကုန်နိုင်မခမ်းနိုင်သလိုပဲ နှေးနေတယ်လိုပင်ထင်ရမိသည်။လူ့အလို နတ်မလိုက်နိုင်သလိုထင်ပါ့။ 

ပျော်ရွှင်မှုတွေ၊သာယာမှုတွေအနားမှာ ရောက်ရှိနေချိန်ဆို လူသားသဘာဝအတိုင်း ဒီလိုအခွင့်အရေးမျိုးတွေကို အချိန်တိုတိုအတွင်း လက်လွှတ်လိုက်ရမှာကို စိုးရွှံလိုနေမိပြန်တယ်။

တခဏတာလေး သာယာပျော်ရွှင်မှုမျိုးကို ရာသက်ပန် လိုလားပိုင်ဆိုင်မှု အတ္တလေးနဲ့ ဖြားယောင်းနေမိတယ်။ 
တဒင်္ဂ အခိုက်အတန်းကလေးအတွင်းမှာပဲ သင်္ခါရဆိုတာကြီးကို လစ်လျုရှုပြီး မှော်ဆန်ဆန်သွေးဆောင်မှုတွေ ပေါ်မှာပဲ မူးယစ်မျောပါနေမိတော့တယ်။
ဟော….ဒုက္ခတွေ၊ ပြသာနာတွေ လာပြီဆိုရင်တော့ လူသားဆန်ဆန် အော်ဂလီဆန်စွာနဲ့ ငြင်းပယ်လိုတာပဲ။
ဒါပေမယ့် ဒီလိုကောင်တွေကြတော့လဲ လှိုက်လှဲပျုငှာစွာနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ခရီးဦးကြိုမပြုချင်ကြဘူးလေ။
ဒါကိုပဲ လောကဓမ္မတာအရ အလိုက်ကမ်းဆိုးမသိပဲ အစုလိုက်အပြုံလိုက် လာလိုက်ကြတာကတော့ ဒုက္ခကိုယ်တော်ပါပဲ။
သူလာပြီဆိုလို့ကတော့ နာဂစ်မုန်တိုင်းလိုပါပဲ အထက်လှန်အောက်ဆန် ဗြောက်သောက်မြန်အောင်ကို ခလောက်ဆန်သမတော့တာပဲ။
အခန့်မသင့်ရင်များ ဗူစီဘောင်းတွေ တဖောင်းဖောင်းပေါက်သလိုပါပဲ အရင်က လမ်းကြုံရောက်လာတဲ့ ပျော်ရွှင်စရာလေးတွေဟာ အိပ်မက်တွေ ပေါက်ပြယ်လွင့်ကွယ်ကုန်ပါတယ်။
ဒီလိုမျိုးကြောင်းကျိုးလေးတွေကတော့ နိစ္စဒူဝကူးလူးသွားလာနေကြတဲ့ မဟာလူသားအကျွန်မျိုးတို့ထံကို လာရောက်ဘောင်ဘင်ခတ်လေ့ရှိနေကြတဲ့ နိစ္စဒူဝအပိုင်းလေးတွေထဲက မလွဲမသွေတွေကြုံနေကြရမယ့် အပိုင်းအစလေးတွေပါပဲ။
ပျော်ရွှင်မှုတွေ ကြာရှည်ခိုအောင်းပြီး ဒုက္ခဘေးဆိုးကြီးမှ ကင်းစင်လွှတ်မြောက်နိုင်ကြပါစေ။

>ခုတလော

တွေးနေမိတာက
“ပစ္စုပ္ပန်” တည့်တည့်ကိုလေ။ “အတိတ်” ကိုလဲမတွေးမိဘူး၊ “အနာဂတ်” ကိုလည်းမငေးမိဘူး။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လတ်တလောမှာ ဘယ်လောက်လူသားဆန်ဆန် နေထိုင်နေသလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေသမျှ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့် – “အာရောဂျ-ပရမာလာဘာ”ပါပဲ။
မူရင်းပါဠိစကားလို့ ဆရာရွှေလမ်းငွေလမ်းဦးဝင်းကြည်က ဆိုထားတာပါ။လေ့လာချင်သူတွေအတွက် “ဒီမှာ”ပါ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
အိပ်ရာဘေးထားဖတ်နေတာတွေက
• ဆရာသိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ(၁၉၆၆)
မြေလှန်တူးဖော်ထားသော စာရေးဆရာကြီးတွေ အကြောင်း-
• ဆရာဇဝန၏ ဇဝန
• ဆရာသော်တာဆွေ၏ ကျွန်တော်ဘဝဇာတ်ကြောင်း ၁-၂
(၃-၄က ညီလေးတစ်ယောက်ကိုရှာခိုင်းထားလို့ ဆက်မဖတ်ရသေးဘူး။ရှိသေးမရှိသေးတော့မသိ)
နောက်ပြီး
• ကိုမြင့်မိုးအောင်၏ “အမဲလိုက်အက”ကဗျာစာအုပ်
ဒါတွေကို အားလုံးဖတ်တော့ ပြီးသွားပြီ နောက်တခေါက်စီ ပြန်နွေးနေတာ။

ရောက်နေဖြစ်တာက
အွန်လိုင်းပေါ်မှ စာအုပ်တွေ၊ဘလောခ်မောင်နှမတွေဆီ

ရေးဖြစ်နေတာက
ခေါင်းစဉ်မဲ့ ကဗျာတွေ

နားထောင်ဖြစ်နေတာက
ကိုငှက်ရဲ့ “မဆုံးတဲ့သီချင်း”၊ ဦးထီးဆိုင်သီချင်းကို ကိုငှက်ပြန်ဆိုထားတဲ့ “နောက်ဆုံးသီချင်း”(ဒီသီချင်းနှစ်ပုဒ်ရဲ့နောက်ကွယ်က ထပ်တူကျနေတဲ့ အချိုးလေးရှိနေလို့ပါ။ဒီအကြောင်းရာဇဝင်ကိုပြောပြတဲ့ သူငယ်ချင်း ညိမ့်စက်အိမ်နဲ့ အချိုးကျခံစားမှုပါ။)
နောက် ကိုလေးဖြူရဲ့ “အဝါရောင်ကိုက်ခဲမှု” နှင့် Breaking Benjamin ရဲ့ “So Cold” သံစဉ်တွေ ဘယ်လိုအချိုးတွေကျသလဲဆိုတာ………။

ရွတ်နေမိတဲ့ကဗျာက
ငါဖျင်းရင်ငါဆင်းရဲမယ်၊ ငါပျင်းရင် ငါဆင်းရဲမယ်။

ဖြစ်ချင်နေတာက
လူသားဆန်သော လူသားတစ်ဦး

စားဖြစ်နေတတ်တာက
ထမင်း နှင့် ဟင်း

သနားနေမိတာက
ကိုယ်စိတ်ကို ကိုယ် (ပျော်ရာမှာမနေ၊ တော်ရာမှာနေရလို့)

လွမ်းနေမိတာက
အမေ့ကိုသာထာဝစဉ်

မေ့လျော့ပစ်နေမိတာက
ရင်ဆိုင်ခဲ့ရဖူးသော ဆင်းရဲဒုက္ခတွေ

ခါးသက်နေမိတာက
ကိုကြီးအငဲဆိုတဲ့ ဘဝဟာ ခါး…ခါး……ဘဝဟာခါးသီးတယ်ဟေ့။

တမ်းတနေမိတာက
ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံ

ကြိတ်ပြီးချီးကျူးနေမိတာက
အောင်မြင်နေသူတွေအားလုံးနှင့် အာဇာနည်သူရဲကောင်းကြီးများ

ကြိတ်ပြီးအထင်သေးနေမိတာက
ထောင့်ကျဉ်းတွေနဲ့ ဘယ်တော့မှ မကြည့်တတ်သေးဘူး။

ဆန္ဒမရှိတဲ့နေရာ
စာမဖတ်ရတဲ့နေရာလေ

ဆန္ဒရှိနေတဲ့ကိစ္စ
အမေ့ရဲ့ မြေမှ
ရွှေတိဂုံကို တ၀ကြီးဖူးချင်တယ်ဗျာ

မုန်းတီးနေမိတာက
တစ်ဘဝစာကြည့်သူများ………..လို့ ရှိခဲ့ဖူးပေမယ့်လဲ မေတ္တာထားဖို့ ကြိုးစားနေတယ်။

ချစ်နေတာက
အတ္တာဟိ အတ္တနောနာထော=မိမိကိုယ်သာ ကိုးကွယ်ရာ (ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်မြတ်အတိုင်း ကျင့်နိုင်ရန် ကြိုးစားနေမိပါ၏။)

စိတ်ပျက်နေမိတာက
ကိုယ်ကိုယ်ကလွဲ အခြားမရှိ၊

စွဲလန်းနေမိတာက
ငြိမ်းသက်အေးချမ်းမှုလေးပါ။ (ဘုရားကျောင်းကန်တွေမှာရှိတဲ့ အေးငြိမ်းမှုသဘောပါ)

လိုအပ်နေတာက
လိုတာမှမရရင်၊ ရတာလဲ မလိုဖြစ်မိမှာပဲ။ဘာဖြစ်ဖြစ် လက်တလော တင်းတိမ်ရောင်ရဲမှု ရှိအောင်တော့ ဆင်ခြင်ရမှာပေါ့။

တောင်းနေမိတဲ့ဆု
တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
နေပါရစေ။

ထပ်ပြန်တလဲလဲပြောနေမိတာက
စာဖတ်တွေပဲ ချင်နေတာကို တက်တဲ့ညီမဇော်ကို ကျေးဇူးပါ။ဒီအကြောင်းအရာရဲ့ ကနဦးတွေးမိသူကိုလဲ ကျေးဇူးပါ။ကျွန်တော်ရေးချင်သမျှ လာလာဖတ်ပေးကြသော သူငယ်ချင်းမိတ်တွေ အပေါင်းကိုလဲ ကျေးဇူးပါ။အားပေးကူညီ အကြံကောင်းလေးများပေးနေသော လက်တွဲဖော်လေး အားလဲကျေးဇူးပါ။

ဝန်ခံချင်တာက
စာရေးသားနေရင်း အမှားတစ်စုံတရာပါသွားပါကလဲ ကျွန်တော်ရဲ့ နားလည်လွဲမှားခြင်း အမှားလေးပါ။

အခုတလောပြုံးနိုင်ကြပါစေ။


ခုတလော၏ အခေါတလု

တွေးနေမိတာက
အကြွေး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ဘာတွေ ဆင်လို့ ဘာတွေခြင်နေတာလဲဆိုတာ

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေလို့ မီးလှန့်သံချောင်းတီးဖို့ မီးကင်းတာဝန်ကျနေတာ

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ကလေးလက်ရေး

ရောက်နေဖြစ်တာက
လက်ရေးလှလေးကြောင်းမျည်းပေါ်လေ

ရေးဖြစ်နေတာက
အကြွေးစာရင်း

နားထောင်ဖြစ်နေတာက
အလှုခံမဏ္ဍပ်က “လော်သ”ံ

ရွတ်နေမိတဲ့ကဗျာက
“ဥုံ လိုတာမရ၊ရတာမလို၊
ဆောင်ထားရင် အိတ်လေးတယ်၊
ရေစိမ်သောက် ရူးပေါက်၊
လွတ်ပြစ်ရင်အဝေးရောက်တယ်၊
ဂါထာပေးတေးဖြစ်၊
တွေ့ကရာကောက်မစားနဲ့၊
ပေးထားတာရေးကြည့် ပေါက်မည်ဂဏန်း၊
ယုံလွယ်သူသာချမ်းသာမယ်၊
ဇော်ဂျီလေးနဲ့၊နှိပ်ကြည့်စမ်းပါ……..အိုင်နဲ့တီ။”

ဖြစ်ချင်နေတာက
ငမျောက်ငခြောက်………မဆိုဘူး။

စားဖြစ်နေတတ်တာက
ကြက်သားနီချက်နဲ့ ကြက်ဟင်းခါးသီးကြော်

သနားနေမိတာက
ဘီဂိတ် (ငါလို Facebookမှာတောင်ကြာကြာမနေရတဲ့ဘဝ၊ အကြွေးရှင်တွေလိုက်တောင်းလို့နေမှာ)၊

လွမ်းနေမိတာက
ပျောက်သွားတဲ့ အပေါင်စာရွက်

မေ့ပြီးလျော့ပစ်နေမိတာက
ခါးပတ်လေ။ ထမင်းစားခါနီး

ခါးသက်နေမိတာက
ကြောင်လျှာသီးမီးဖုတ်စားပြီး

တမ်းတနေမိတာက
ငါးပိရည် တို့စရာ

ကြိတ်ပြီးချီးကျူးနေမိတာက
သိကြားမင်း(နတ်သမီးလေးတွေ တဘက်လေးငါးရာ)

ကြိတ်ပြီးအထင်သေးနေမိတာက
ပိုးဟပ်တွေအပြည့်နဲ့ အိမ်သာ(ရောက်ဖူးသူသိသည်)

ဆန္ဒမရှိတဲ့နေရာ
ညနေရုံးဆင်းချိန် ဘတ်စ်ကားပေါ်

ဆန္ဒရှိနေတဲ့ကိစ္စ
သန်းကြွယ်သူဌေး ဖြစ်ဖို့ အလားအလာ

မုန်းတီးနေမိတာက
ဂျပိုး

ချစ်နေတာက
သစ်သားမီးခြစ်

စိတ်ပျက်နေမိတာက
ပြင်မရတဲ့ ဆိတ်အရုပ်ပျက်ကလေး

စွဲလန်းနေမိတာက
ကော်ဖီစွဲပြီး အိပ်မရပဲလန်းနေတာ

လိုအပ်နေတာက
ရေတခွက်လောက်၊ အခုတလောပူလွန်းလို့

တောင်းနေမိတဲ့ဆု
အကြွေးရှင်တွေ အတိတ်မေ့တဲ့နေ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငွေ…..ငွေ

ဝင်ခံချင်တာက
စပါး(spa)မှာ ဝင်ပြီးအနှိပ်ခံတာ

အားလုံးပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။

>

ကဗျာဆိုတာ စကားတတ်စကလေးအရွယ်များ၊စာသင်ခါစ ကလေးအရွယ်များအတွက် အကောင်းဆုံးသော သင်ကြားမှုတစ်ခုဖြစ်ပါသည်။ကဗျာသည် ကလေးငယ်များအဖို့ ဆိုလွယ်၊တတ်လွယ်၊ရွတ်လွယ်သောကြောင့် သင်ကြားရ၊ရွတ်ဆိုရသော ကလေးများအဖို့လည်း ပျော်ရွှင်စွာရွတ်ဆိုရသော ကစားနည်းတမျိုးလည်းဖြစ်ပေသည်။ ထို့ကြောင့်လည်း ငယ်စဉ်ကလေးများ ဆော့ကစားရာတွင်လည်း ကစားမှုအတော်များများသည် ကဗျာဆန်ဆန်ရွတ်ဆိုကစားရသော ကစားနည်းများပေသည်။ကလေးများချော့မြှုရာတွင်လည်း ကဗျာကဲ့သို့သီချင်းရွတ်ဆိုမှုများသည် နားထောင်ရသောကလေးများအဖို့ သာယာနာပျော်ဖွယ်ဖြစ်စေသည်။ကျွန်တော်မှတ်မိသလောက်-

လူကလေးရဲ့ အိပ်ချိန်တန်
ဗျိုင်းရှေ့ကပြန်
လူကလေးရဲ့ အိပ်ချင်ဘူး
ဗျိုင်းရှေ့ကမြူး။

ညီမလေးရေ ထပါတော့
ရောင်နီလာမှပေါ့။
မောင်လေးရေ ထပါတော့
ရောင်နီလာမှပေါ့။
တကြော့နှစ်ကြော့တေးကိုသီ
ငှက်ကြားနှုတ်ပလီ။

ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အရောင်ပြတယ်
ဖိုးရွှေနတ်သား။

ကဲ့သိုသော သားချော့တေးလေးများဆိုလျှင် ငယ်စဉ်ကလေးဘဝအရွယ်က အမေဆိုပြခဲ့ဖူးသော ကဗျာလေးများပေတည်း။အမေဆိုပြသော သားချော့တေးကလေးများ နားထောင်ရင်း နှစ်ချိုက်စွာ အိပ်စက်ခဲ့ရသော တထောင့်တညရဲ့ ညများကို အခုနေများ တစ်ခါပြန်ကာလေ ရချင်မိပါသည်။

ရွှေစွန်ညို ဘာလိုလို့ဝဲပါတယ်။
မထွေးလိုလို့ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ
ပါပါလျှက်သားနောက်ကထား။
မထွေးအသားခါး လှတယ်။
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရ နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေ နွေမှာခမ်း။
ပင်လယ်ရေနဲ့ ဆေးပါမယ်။
ပင်လယ်ရေ ဘယ်မှာခမ်း။
မထွေးအမိဖမ်း။
(မှားနေရင်ခွင့်လွှတ်နော်။သူများတွေဆော့တာ ကြားရသမျှ၊မှတ်မိသမျှရေးတာ။)

ဘီးဘီး ဘာဘီးလဲ။
ရွှေဘီး။
ရွှေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ငွေဘီး။
ငွေစော်နံ ပြန်လိုက်ဦး။
ဘီးဘီး ဘာဘီးလဲ။
ကြေးဘီး။
ကြေးစော်နံ ပြန်လိုက်ဦး။
(နောက်ပိုင်းတွေ မမှတ်မိတော့ပါ။)
ဒီလို ကဗျာလေးတွေကို ကလေးများအပြန်အလှန် ရွတ်ဆိုကြရင်း အုပ်စုလိုက် ကစားကြတာကို တွေးရင်းငယ်စဉ်တောင်ကျေး ပျော်ပါးကစားခဲ့ကြ ပုံများကိုလည်း လွမ်းမိပါသေးတယ်။ရန်ဖြစ်ကြ ပြန်ချစ်ကြရင်းနဲ့ပဲ သူငယ်ချင်းတွေ တစ်ဦးနဲတစ်ဦး မာနကင်း အာဂတကင်း၊ တစ်ဦးပေါ်တစ်ဦး ဘာစိတ်မျှမရှိကြပဲ ပကတိ ရိုးသားသော ကလေးငယ်ဘဝပေတည်း။

စာသင်ချိန်ရောက်လို့ ကျောင်းစနေတော့လည်း ကဗျာဆိုတာ သင်ပုန်းကြီးစလှန်တာနဲ့ သင်ရတော့တာပါပဲဗျာ။

ညအခါ လသာသာ
ကစားမလား နားမလား။
က..ကလေးငယ် ချစ်စဖွယ်
ခ…ခရေကုန်း မလေးပြုံး။
ဂငယ်… ဂဏန်းသင်ပြုံးရွှင်ရွှင်။
င…. ငချိတ်ပေါင်းစားလို့ကောင်း။
စ…………
ဆ………
အ အမေတို့တိုင်းပြေ ငါတို့ချစ်တဲ့မြေ။

ရဲသားကြီးကိုလှဖေ
လူဆိုးဖမ်းဖို့ တာဝန်ကြေ။
မလှမွန် သူနာပြု
စေတနာနဲ့ သူပြုစု။

ကဲ့သို့သော ကဗျာလေးများကို ကျောင်းခန်းထဲမှသူငယ်ချင်းများနှင့်အတူတကွရွတ်ဖတ်ခဲ့ကြရသော စာအံသံများသည် ယခုထိတိုင်ကျွန်တော်နားထဲတွင်စွဲမြဲစွာကြားနေရပါသေးသည်။ ထိုကဗျာလေးများအထဲမှ ကျွန်တော်အကြိုက်ဆုံး ကဗျာလေးကတော့ -

ပန်းကလေးများ ပွင့်တော့မည်။
ဖူးတံဝင်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း။
ဒီကဗျာလေးကတော့ ကျွန်တော့်ရင်ထဲ အခုထိတောင် ဆိုလို့ကောင်းနေဆဲပါဗျာ။

နောက် အတန်းတွေကြီးလာပေမယ့်လည်း နှစ်စဉ်နှစ်တိုင်း မြန်မာစာ သင်ရိုးညွန်းတမ်းစာအုပ်ထဲမှာ “ကဗျာ” ကတော့မပါမဖြစ် အရေးပါသူလေ။ကဗျာဆိုတာကတော့ ကျောင်းသားဘဝမှာ ရွတ်ဆိုလို့ကောင်းရင် စိတ်ထဲစွဲကျန်ရောပဲလေ။ စာသင်ကျောင်းသားဘဝကတော့ သင်ခဲ့ရတဲ့ ကဗျာတွေကအများကြီးပါပဲ။တချို့ကဗျာတွေကိုတော့ အခုထိမှတ်မိတယ်။တချို့ကဗျာတွေကတော့ မေ့ပြီဗျာ။ကြီးတော့ စာတွေဘာတွေ ပြန်ဖတ်တဲ့အခါ တချို့ကဗျာလေးတွေကိုတွေ့မှ ဒီကဗျာလေးကတော့ ငါငယ်ငယ်က သင်ခဲ့ဖူးပါရဲ့ ဆိုပြီးပြန်မှတ်မိတာ။ငယ်ငယ်က သင်ခဲ့ရသောကဗျာရေးတဲ့ ကဗျာစာဆိုတွေထဲမှာတော့ လူဦးမင်း နှင့် ဖိုးသူတော်ဦးမင်းတိုနှစ်ဦးကိုတော့ အတော်ကိုကြိုက်မိပါရဲ့ဗျာ။ သူတို့နှစ်ဦးက တစ်ဦးက စာခံတဲ့ကဗျာကို တစ်ဦးက မရမကကဗျာဖွဲ့ပြီး စာအုပ်တော်မူကြတဲ့ တစ်ခေတ်ထဲပေါ်ခဲ့တဲ့ ကဗျာကဝိနှစ်ဆူပေကိုး။သူတို့ရေးတဲ့ကဗျာတွေထဲက ဒီကွမ်းအကြောင်းစပ်တဲ့ ကဗျာလေးကိုတော့ မှတ်မိသေးသဗျ။လူဦးမင်းစာခံတဲကဗျာမှာ-

တံတာဦးက ကွမ်းနုဝါ
ငမျာကဆေး…..။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ထွေး။

ဒီလို နန်းတော်တွင်းမှ ဘုရင်စားကာထွေးသည့် ကွမ်းအရောင်ကို ကြည့်ရင်းစပ်တဲ့ လူဦးမင်းရဲ့ ကဗျာကို ဖိုးသူတော်ဦးမင်းက တောဓလေ့ ရွာသူရွာသား သူဆင်းရဲများစားသော ကွမ်းအရောင်ဖြင့် ပြန်လည်ချေပကာ စာအုပ်ပုံကတော့ -

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး……။
သန်းခေါက်လှိုင်လှိုင်နှင့်၊
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။

စကားပြောတတ်ခါစအရွယ်မှစ၍ စာသင်သားကျောင်းသားဘဝ၊ အတန်းတွေကြီးလာသည့်အထိ ကျွန်တော်တိုရဲ့ ပတ်ဝန်းကျင်တွင်လည်းကောင်း၊သင်ကြားခဲ့ရသော ကျောင်းစာများတွင်လည်းကောင်း ကဗျာသည် အတော်အတန်ပင် ထိတွေ့ခဲ့ရသည့် ကစားမှုအနေဖြင့်ရော၊ ပညာဗဟုသုတများအနေဖြင့်ရောပေးသောစာပေဖြစ်ပေသည်။
လူကြီးတွေဆိုသလိုပေါ့ ဂါထာပေး တေးဖြစ်တဲ့၊ ကဗျာပေးရင်ကော တေးဖြစ်မှာပဲလေ။ ကဗျာဆိုတာကတော့ တေးသီချင်းအစပဲပေါ့ဗျာ။ တေးတောင် သီဆိုမှုကောင်းလျှင် နားထောင်ကောင်းသလို ကဗျာဆိုတာလည်း အသံနေ အသံထားနဲ့ရွတ်ဆိုတတ်လျှင် အတော်ပင်နားဝင်ချိုမြလှပေသည်။ရွတ်ကောင်းဆိုကောင်းသော အထက်ပါ ကဗျာလေးများသည် ကျွန်တော်အဖိုတော့ ငယ်စဉ်တောင်ကျေးကလေးဘဝမှ အရွယ်ရောက်သည်တိုင် မမေ့နိုင်သည့် ကဗျာလေးများဖြစ်ပေသည်။တချို့ကဗျာလေးများမှာအမှားပါရင်လဲခွင့်လွှတ်ပြီးဖတ်ပေးကြပါခင်ဗျား။ဒီအကြောင်းတက်ခ်ထားတဲ့မနှင်းကိုရောစိတ်ကျေနပ်မည်လို့ထင်ပါတယ်။လာအကြောင်းကြားလို့ ကျေးဇူးပါဗျာ။ပထမဆုံးဈေးဦးပေါက်သော ကြောင့်လည်းကောင်း၊ ကဗျာတွေဖတ်ရတာ သဘောကျတဲ့သူအဖြစ်ကြောင့်လည်းကောင်း၊ စိတ်ပါစွာရေးသားနိုင်တာဖြစ်ပါတယ်။

Follow

Get every new post delivered to your Inbox.