Category: ရုပ်ရှင်


>

ငါ့ခြေလှမ်းတို့ သွက်လက်နေတယ်။ငါချစ်နေတဲ့ သူ့ဆီကို စားစရာအချို့နဲ့အတူ အပြေးလှမ်းလာခဲ့တယ်။တို့နှစ်ဦး ရင်ခုန်မှုတွေ ဖလှယ်ရင်း ညနေစာအတူ စားဖို့လေ။

မထင်မှတ်တဲ့ မြင်ကွင်းတွေကြောင့် ရင်ထဲက သာယာကြည်နူးမှုလေးတွေ လွင့်စင် ပျောက်ကွယ်သွားတယ်။ငါချစ်နေတဲ့သူက အခြားသူရင်ငွေ့မှာ သာယာကြည်နူး နေလေရဲ့။ငါဒီမြင်ကွင်းကို ဘယ်လိုရင်ဆိုင်ရမှာလဲ၊ မြင်ရက်နိုင်မှာလဲ။ ရင်ထဲဆိုနစ်လာတဲ့ ငါ့ဝေဒနာ ဘယ်သူများသိနိုင်မှာပါလဲ။ဒီကမ္ဘာမှာ ငါရှင်သန်လျှက်နဲ့ပင် ကျဆုံးခဲ့ရပြီ။

တစိုက်မတ်မတ် ကြည်နူးမှုတွေနဲ့ ဆိုက်ရောက်လာတဲ့ ငါ့ကို တခြားသူရင်ခွင်ထဲက မင်းပုံရိပ်တွေနဲ့ စီချင်းထိုးလိုက်တာများ သေကောင်ပေါင်းလဲ မတတ်ပဲ။ ငါ့နယ်ရုပ်ကလေး မင်းက ဧကရာဇ်မင်းမှ ချစ်လို့ ဘုရင်မအဖြစ်နဲ့ ငါ့ကို စားသွားပြီကို။ အချစ်ကစားပွဲမှာ ငါ့နှလုံးသားတွေ အတုံးအရုံး ကျရှုံးခဲ့တာ မြေကြီးပေါ်ရပ်တည်နေတဲ့ ခြေလှမ်းတို့ ယိမ်းယိုင်ပြိုလဲ သွားမလားပဲ။

ကိုယ်ချစ်သူ တခြားရင်ခွင်မှာ နစ်ဝင်နေတဲ့ အမြင်အောက်က ငါလှည့်ထွက်လာမိတယ်။ ငါ့ကိုယ်ငါရှင်သန်လိုစိတ်လဲမရှိတော့ဘူးလေ။ဘာများထူးဦးမှာလဲ။ဟိုင်းဝေးလမ်းမကြီးပေါ် ငါ့ခြေလှမ်းတို့ ဦးတည် ပြေးလွှား။အားလုံးထားခဲ့ပစ်လိုက်ခဲ့ပြီ အချစ်လေး။သေချာတာ သိပ်ချစ်လို့၊ မခံနိုင်အောင် ရူးသွတ်လို့၊ လိုချင်တာ ရှုံးနိမ့်လို့ ငါအဝေးဆုံးကိုပြေး ……ပြေးသွားမိပြီ။

မျက်စိတွေမှိတ် မေ့ပျောက်ဖို့ ကြိုးစားလဲ ထင်လာခဲ့ မင်းတို့ပုံရိပ်တွေငါ့မျက်ဝန်းတွေထဲမှာ မိတ္တူပွားသလို ပွားများကုန်ပြီ။ဖျောက်ဖျက်နိုင်စွမ်းမဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ အတိတ်ပုံရိပ်တွေ မှေးမှိန်ပျောက်ကွယ်ဖို့ နည်းလမ်းတစ်ခုကတော့……………

ငါ့ခေါင်းကို ငုံ၊ ခြေအစုံမြှောက် အရှိန်အဟုန်ဖြင့် တလကြမ်း ဖြတ်သန်းမောင်းနှင် နေကြတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ကားတွေကြား အတင်းတိုးဝင် ဖြတ်ကူးခဲ့ပြီပေါ့။
မျက်စိကိုမှိတ် နောင်ဆက်ကူးမည့် ဘဝအသစ်ကိုတွေးရင်း ငါ့ထံသို့ ဦးတည်လာနေသော ကားတန်းဆီးသို ဦးလှည့်လိုက်မိတော့သည်။

✽✽✽✽✽✽

http://www.youtube.com/get_player

ဒီကားလေးကို ကြည့်ရင်း ခွေးလေးတစ်ကောင်ရဲ့ အဖြစ်ကလေးက သနားဖွယ်၊ ပြုံးရယ်ဖွယ် ရိုက်ကူးထားတဲ့ Bridgestone ကားဘီးကြော်ငြာလေးတစ်ခုပါ။ဒီအတိုင်း ဗီဒီယိုဖိုင်ကြီးပဲ တင်လိုက်တာထက် ခွေးကလေးရဲ့ နေရာဝင်ပြီး ခံစားကြည့်ရင်း စာဖွဲ့လိုက်တာပါ။မူရင်းဗီဒီယိုက www.kewego.com ကရတာပါ။

နောက်ထပ် Bridgestone ကြော်ငြာလေးတွေပါ။စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတွေရဲ့ idea ကို ချီးကျူးမိပါတယ်ဗျာ။ဒီကားလေးတွေ ကြည့်ရင်း အားလုံးပဲ ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။

http://www.youtube.com/get_player

http://www.metacafe.com/fplayer/1080141/bridgestone_tire_super_bowl_commercial_squirrel_vs_car.swf

ဆက်လက်ကြိုးစားပါဦးမည်။

>
လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က …
ကျွန်တော်မိန်းမရစ .. ၊ အဘိုးအဘွားများရွာသို့ ရောက်ခဲ့၏။

“လူလေး၊ အခု မင်းဘာလုပ်သလဲ”

“ကျွန်တော် ပန်းချီဆွဲတယ် အမေကြီး”

“လူလေး .. မင်း အိမ်ထောင်လည်းကျနေပြီ၊ ကိုယ်ဝါသနာပါရာချည်းပဲ လုပ်မနေနဲ့၊ အလုပ်လေးဘာလေး လုပ်ပါဦး”

အမေကြီး (အဘွား)သည် ဘုန်းကြီးကျောင်းမှာ စာနည်းနည်းသာ သင်ဖူး၏။ ခေတ်ပညာ မတတ်ပေ။
ကျွန်တော်ယဲ့ယဲ့ ပြုံးမိသည်။

✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽✽

တစ်နေ့က ရွာမှလူကြုံနှင့် ဆန်တစ်တင်း အမေကြီးပို့လိုက်သည်။ ပဲတီပင်ပေါက် လက်ရေးနှင့် အမေကြီး၏ စာတစ်စောင်ကိုလည်း ကျွန်တော်ဖတ်ရ၏။

လူဂလေး
အမေဂျီးစဂါးကို နားမထောင်ဘဲ ဗဂျီဘဲ ရေးနေသီ၊
ခလေးလည်း ၄ရောက်ရပီ၊
အလုပ်လေးဘာလေးလဲ လုပ်အုံး။
အမေဂျီး

ကျွန်တော်နည်းနည်းမှ မပြုံးနိုင်။

ပန်းချီဝသုန်ရဲ့ ၀တ္တုတို
(၁၉၉၀ ခုနှစ်၊ မေလ၊ မဟေသီမဂ္ဂဇင်း)

အစားထိုးမရသော မြန်မာ ပန်းချီကျော် ဝသုန် ကောင်းရာသုဂတိ လားပါစေ ………

A Sketch of WaThone 1

A Sketch of WaThone 2

သူ့ အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းတင် ဗီဒီယိုအားအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ အောက်တိုဘာလ (၃) နေ့တွင် ဆုချီးမြှင့်ခဲ့သော (၅) ကြိမ်မြောက် ရုပ်ရှင်ပွဲတော်၌ မျိုးဆက်သစ် လူငယ်ဒါရိုက်တာ ကြည်ဖြူသျှင် ဒုတိယအကြိမ် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးခဲ့သော A Sketch of Wathone သည် ပန်းချီ ဝသုန်၏ အနုပညာ၊ သူ့ဘဝ နှင့် မိသားစု အကြောင်းကို ရိုက်ကူးခဲ့သော ဆရာဝသုန့် အကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည်။

“A Sketch of Wathone” profiles Wathone, one of Myanmar’s best known painters, as he shares his thoughts on life, art and family. The film is Kyi Phyu Shin’s second documentary completed through the Yangon Film School. “A Sketch of Wathone” made its U.S. debut at All Roads in Los Angeles and Washington and will also be screened in Santa Fe.

ကျွန်တော်က ဆရာဝသုန်ရဲ့ဝတ္ထုတိုလေးကို သဘောကျလို့ ဝေမျှတာပါ။သူ့အကြောင်း အသေးစိတ်ကို အနုပညာသက်သေဘလောခ်မှာ လေ့လာနိုင်ပါသည်။

>

ခရမ်းရောင်လွင်ပြင်
(မြန်မာအမျိုးသမီးသရုပ်ဆောင်သော အင်္ဂလိပ်ကား)

ကျွန်တော် ငယ်ငယ်က ကျွန်တော်အင်္ဂလိပ်စာဆရာမက ဒီကားအကြောင်းကိုပြောပြစဉ်ကတည်းက ဒီရုပ်ရှင်ကားကို ကျွန်တော်အရမ်းကို ကြည့်ချင်နေမိတယ်။နိုင်ငံခြားရောက်တော့လဲ ဒီကားကို အသည်းအသန်ရှာကြည့်တယ်။ အကုန်လုံးက ပိုက်ဆံပေးပြီး အွန်လိုင်းမှာဝယ်လို့တော့ရတယ်။ ကျွန်တော်အတွက်တော့ မလွယ်ကူဘူးပေါ့။ နောက်ပြီး U-tube ကနေရှာပြန်တော့လဲ တင်ထားတာတွေက တပ်ပိုင်းတစနဲ့ အစအဆုံးလဲမရှိကြဘူး။နောက် လန်ဒန်က ကျွန်တော်မိတ်ဆွေအဖွားကြီးက ဘာလက်ဆောင်ယူမလဲဆိုတော့ ကျွန်တော်က ဒီကားရယ် Wuthering Heights ရယ်နှစ်ကားကို ကျွန်တော်က ဒီရုပ်ရှင်နှစ်ကားကိုမှာတယ်။

သူလဲ ကျွန်တော်အတွက်နဲ့ အတော်ကို အလုပ်ရှုပ်သွားပါတယ်။မှာတဲ့ကားတွေ အားလုံးက ကားအဟောင်းတွေ။ကျွန်တော်မှာတဲ့အထဲက Wuthering Heights တစ်ကားထဲရပြီး ဒီကားကြတော့ ဝယ်လို့မရဘူးလို့ပြောတယ်။ဒီကားက ဗမာပြည်မှာတောင်ရိုက်ခွင့်မရပဲ သီရီလင်္ကာမှာ(“Bridge on the River Kwai”ရုပ်ရှင်ရိုက်တဲ့နေရာမှာပါ။) သွားရိုက်ရတယ်။ဒါရိုက်တာRobert Parrishက အဲဒီအချိန်တုန်းက နာမည်ကြီးနေကြတဲ့ မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်တွေကို တောင်မသုံးပဲ။မင်းသမီးအသစ်ရွေးဖို့ မြန်မာပြည်လာပြီး ဒီကားအတွက် ရုပ်ရှင်မင်းသမီးအသစ်ရွေးပွဲ ကျင်းပပါတယ်။


ဒီရွေးချယ်တဲ့ပွဲကို ကျွန်တော်တို့ နိုင်ငံတော်အတွက် ကျိုးပမ်းသွားကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို ဦးအောင်သန်းပါ)ရဲ့ဇနီး ဒေါ်ဝင်းမင်းသန်းကလဲ လာရောက်ကြည့်ရှု အားပေးတာကို ဒါရိုက်တာကြီးက တွေ့သွားပြီး ဒေါ်ဝင်းမင်းသန်းရဲ့ ဗမာနဲ့ ဂျာမာန်ကပြားစပ်တဲ့ ရုပ်ရည်ကို သဘောကျသွားပြီးသူနဲ့ပဲ ဒီဇာတ်ကားကြီးကို ရိုက်ကူးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အဲဒီအချိန်က ဒေါ်ဝင်းမင်းသန်းဟာ သီရီစင်္ကြာနှင့်စင်္ကြာကုမ္ပဏီ(Thiri Sett Kyar & Sett Kyar Co;)ရဲ့ မန်နီဂျင်းဒါရိုက်တာတစ်ဦးပါ။နောက်ပြီး ဒီဇာတ်လမ်းလေးကို ရေးတဲ့စာရေးဆရာ H. E. Bates ကလဲ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကိုနောက်ခံထားရေးဖွဲ့ထားတဲ့ အချစ်နဲ့ စစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒေါ်ဝင်းမင်းသန်းနဲ့အတူ အဲဒီအချိန်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Gregory Peck နဲ့အတူရိုက်ကူးထားတာပါ။ဒီဇာတ်ကားဟာ သူအချိန်က ကမ္ဘာကျော် Top Ten စာရင်းမှာ နှစ်အတော်ကြာအောင် တည်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။


ကဲဒီလောက်နဲ့တင် ဒီဇာတ်ကားကို ကျွန်တော်ဘာကြောင့် စွဲလန်းခဲ့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်နောက်ဆုံး Torrent တွေထဲမှာရှာတွေခဲ့ပါတယ်။ဒါကြောင့်မို့ မြန်မာရုပ်ရှင်သမိုင်းထဲမှာ မဝင်ခဲ့ရပေမယ့် အဲဒီအချိန်တုန်းကတည်းက မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမင်းသန်းဟာ ကမ္ဘာရုပ်ရှင်လောကမှာတော့ ခေတ်စားသွားစေခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ သိခဲ့ရတာကတော့ ဒေါ်ဝင်းမင်းသန်းဟာ နိုင်ငံခြားတိုင်းပြည် တစ်နေရာမှာတော့ ရှိနေသေးတယ်ဆိုတာပါပဲ။ကျွန်တော်ရဲ့ အင်္ဂလိပ်စာဆရာမကြီးဟာလဲ ဝေလနယ်သူ(Wale) အာဇာနည်သူရဲကောင်း ဦးရာဇာတ်ရဲ့ ချွေးမတစ်ဦးပါ။ဒီဇာတ်ကားနဲ့ပဲ ဆရာမကြီးကို လွမ်းဆွတ်လိုက်ရပါတယ်ဗျာ။ဆရာမကြီးတစ်ယောက် ကျန်းမာပါစေ။သူလဲပဲ အခုဆိုရင် အတော်ကို အသက်အရွယ်ကြီးရင့်နေပါပြီ။


ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၁)

ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၂)

ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၃)

ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၄)

နောက်ဆက်တွဲများကို Utube ကနေ ဆက်လက် အားပေးနိုင်ပါတယ်။

အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)

ဆက်လက်ကြိုးစားပါဦးမည်။

>

ကျွန်တော်အကြိုက်ဆုံး Jon Bon Jovi,Richie Sambora,Andy တိုအဖွဲ့က အီရန်မှာ ကန့်ကွက်သူတွေအတွက် သီဆိုပေးထားကြတာပါ။ပုံမှန်ကတော့ ဒီသီချင်းလေးဟာ ရိုးရိုးအချစ်သီချင်းလေးတစ်ပုဒ်ပါ။စတင်သီဆိုခဲ့သူတွေကတော့ U2 အဖွဲကပါ။နောက်ဒီသီချင်းကို John Lennon ကလဲပြန်ဆိုထားပြီး ဒီသီချင်းကို ပြန်ဆိုကြသူတွေများလားတော့ ကမ္ဘာကျော်သီချင်းတစ်ပုဒ်အဖြစ်ကျော်ကြားခဲ့ပါတယ်။

Bon Joviက Farsiဘာသာ(ပါရှန်ဘာသာစကား)သီဆိုထားတဲ့ သီချင်းစာသားလေးကတော့-

Stand By Me

chords used : ( G,Em,C,D )Gdat wecur chame hur    Emmohammed datpurch      C            Dedor vach ehan furyur            Gbunma burch            Gdast beh dasthamsedaa  Emto baa man hamvatan    Cdardeh toDdardeh man           Gba man basshGso darling, darling stand by meEmOh,  stand by meC              Doh Stand by me,oh stand by meGIf the sky that we look uponEmShould tumble and fallC                      D                  GAnd the mountain should crumble to the seaGI won't cry, I won't cryEmNo I won't shed a tearC                    D                  GJust as long as you stand, stand by meGso darling, darling stand by meEmOh, stand by meC                      DStand by me, please please                      Gstand by me, stand by me

Dast beh dast (hand in hand)

Hamsedaa (sharing a voice)

To baa man hamvatan (you and I are compatriots)

Dardeh to (your pain)

Dardeh man (my pain)

Ba man bassh (stand by me)

မူရင်းသီချင်းစာသားကတော့-

When the night has come
And the land is dark
And the moon is the only light we see
No I won’t be afraid
No I won’t be afraid
Just as long as you stand, stand by me

And darling, darling stand by me
Oh, now, now, stand by me
Stand by me, stand by me

If the sky that we look upon
Should tumble and fall
And the mountain should crumble to the sea
I won’t cry, I won’t cry
No I won’t shed a tear
Just as long as you stand, stand by me

And darling, darling stand by me
Oh, stand by me
Stand by me, stand by me, stand by me

Whenever you’re in trouble won’t you stand by me
Oh, now, now, stand by me
Oh, stand by me, stand by me, stand by me

Darling, darling stand by me
Stand by me
Oh stand by me, stand by me, stand by me

ဒါကတော့ U2စဆိုစဉ်ကပါ။Bruce Springsteenနဲတွဲဖက်သီဆိုထားတာပါ။-

ဒါကတော့ John Lennon သီဆိုဟန်ပါ-

ကမ္ဘာအရပ်ရပ်က တူရိယာအစုံအလင်နဲ့ သီဆိုမှုလေးပါ။

Follow

Get every new post delivered to your Inbox.