Category: သီချင်း


>အိမ်

>

အိမ် – ဓီရာမိုရ်

အိမ်( ဓီရာမိုရ် )

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေတော် ထပ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေမှာ ဖြူစင်စွာ အကြင်နာများဝေ….
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ…

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ…
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ…

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်..
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ် ဆန်အရက်ရယ်…

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေ ရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ…
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ….

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်…
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဏာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်…..

တစ္တေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့ အိမ် ငါတို့ အိမ်
ရဲရင့်လိုက် ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်…

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ…
♪♫♪ မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ…

………………. ♪♬♩♫ ……………….

ငါတို့အိမ် - ဓီရာမိုရ်
တေးရေး – အရိုး

ငါတို့အိမ်(ဓီရာမိုရ်)

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံဟာ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမ္မာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

♫ အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …တို့ အိမ်က မခွဲကြေး …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့
ကောင်းချီးသြဘာပေးစိတ်မဆင်းရဲဘူးဟေ့ တို့အိမ်
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ …
လူဟာဘယ်လောက်ထိ အသက်ရှင်လဲ
ဘယ်လောက်အများဆုံး ရနိုင်လဲ အခုရထားတဲ့ လောကစည်းစိမ်တွေ
ဘယ်လောက် ကြာကြာ မြဲမလဲ

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခံမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

………………. ♪♬♩♫ ……………….

ကျွန်တော် ဒီသီချင်းလေးတွေ နားထောင်ပြီး အရမ်းကို အိမ်ကိုလွမ်းသွားတယ်ဗျာ။ သီချင်းစာသားလေးတွေပါ နားဆင်ရင်း ဖတ်လို့ရအောင်ထည့်ပေးထားပါတယ်။ အိမ်သီချင်းတွေ နားဆင်ကြသူအပေါင်း သာယာကြည်နူးဖွယ် အိမ်လေးတွေနဲ့ တွေ့နိုင်ပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။

>

နဝင်းတွေထဲက “ကိုး”
နဝင်းဓာတ်သတ်တွေနဲနေ့
ဆင်းသက်ရောက်ရှိလာပေမယ့်
ဘယ်လိုမှတောင်
ခေါင်းပြူပြီးမကြည့်လိုက်နိုင်ဘူး
ခေါက်ရိုးကျိုး နိစ္စဒူဝတွေနဲ့
လုံးလည်ချာလည်ရိုက်လို့
ဗျာများနေတယ်လေ။

ထိုနေ့လေးပဲ
၀၉း၀၉း၀၉မှာ
ရထားမဲ့မြို့လေးထဲ
မှော်ရထားတစ်စင်း
စတင်အသက်ဝင်လာပြီလေ
ကြိုဆိုပါတယ်……
ကြိုဆိုပါတယ်……
မင်းကြောင့် သွားလာရေး
အချိုးပြေတော့မှာပေါ့။

ကိုးဂဏန်းညနေခင်း
အိမ်မက်အပိုက်ခွဲကိုး စွဲကိုင်
ကိုအငဲ “ကိုး” နားဆင်
ရေနွေးချမ်း ကိုးခွက်ဆင့်ပြီး
မြိန်မြိန်ယှက်ယှက်
သောက်သုံးလိုက်ပုံများ
“ငါ” ကို ငါတောင်
ဂန္တာဝင်ဆန်ချင်စမ်းပါဘိ။

ကိုးရက်ကိုးလနှစ်ထောင့်ကိုးခုနှစ်မှာတော့ ကျွန်တော်တို့ရဲ ကိုကြီးအငဲကလည်း သူရဲ့ စီးရီးသစ်ကလေးဖြစ်တဲ့ “ကိုး”ဆိုတာကို ထုတ်ဝေခဲ့ပါတယ်။ကိန်းဂဏန်းနံပါတ်တွေကို သူအတော်ကြိုက်ပုံရပါတယ်။သူစီးရီးနာမည်တွေဟာ ဆဌမအာရုံ၊ ခုနှစ်ထွေအက စသဖြင့် အက္ခင်္ရာတွေဆိုးမိုးမှုကိုတွေ့ရှိရပါတယ်။မြန်မာတွေအနေနဲ့ ကိုးဆိုတဲ့ ဂဏန်းဟာ နဝင်းဓာတ်ဆောင်တဲ့ အတွက် ကျွန်တော်ကတော့ ဒီ ၀၉.၀၉.၀၉မှာ နံနက် ၀၉း၀၉း၀၉ မှာတော့ ခေါက်ရိုးကျိုးနေတဲ့ နိစ္စဒူဝအလုပ်တွေနဲ့ ဗျာများနေတာနဲ့ပဲ အဲဒီအချိန်လေး ဘယ်လိုဖြတ်သန်းတိုက်ခတ်သွားတယ်ဆိုတာ မသိလိုက်ရပါဘူး။

ဒါနဲ့ပဲ အားတင်းပြီး ညနေကျတော့ 09:09:09pm မှာကျတော့ နဝင်းဓာတ်ဆောင်အောင်လိုတော့ အကြည်တော်ရဲ့ အိမ်မက်အပိုက်ခွဲ ကိုး ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ပြီး ဒူဘိုင်းမှာ ပထမဆုံးစတင်ဖွင့်လှစ်မယ့် မက်ထရိုထရိန်းကို သတင်းထဲကနေစောင့်ကြည့်ပြီး ကြိုဆိုလိုက်တယ်။ ကြိုဆိုပါတယ်မီးရထားကြီးရေ လို့ ကိုးကြိမ်ကိုးခါ အော်ကြိုမိတယ်။ဟုတ်တယ်လေ ရထားမဲ့ မြို့လေးတစ်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေထဲက အနဲနဲ့ အများရုံး ထွက်နိုင်တော့မယ်လေ။ နောင်ဆိုလဲ ဘစ်စကားသာ အားကိုးနေရတဲ့ ကျွန်တော်အတွက်တော့ ရွေးချယ်ခွင့်လေးရှိလာပြီးပေါ့။ဘုတ်တက်စီကြတော့ ခဏခဏမစီးနိုင်ဘူးလေ။အခြေခံကျနေတဲ့ ဖိနပ်လိုလူစားမျိုးကျတော့ ဒီဘုတ်စီးခက အတော်ကို ခါးချိတယ်ဗျ။

နောက်တနေ့ကျတော့ ကိုကြီးအငဲရဲ့ခွေကို အသဲအသန်နားထောင်ချင်တာနဲ့ပဲ နက်ထဲက ဒေါင်းပြီး နားထောင်တယ်။သူရဲ့ မူအတိုင်းပါပဲ သီးချင်းလေးတွေက သုံးလေးခေါက်လောက် နားထောင်ကြည့်လိုက်မှ သီချင်းသံစဉ်လေးတွေက သူ့အကန့်နဲသူ နားထဲဝင်ဆန့်သွားတယ်။ အရင် ခြေလှမ်းကျဲကျဲကြီးနဲ့ စီးမျောလာတာကတော့ “အိမ်” ဆိုတဲ့ အပုဒ်ပါ။ကျွန်တော်ကိုနှိုက်က သာမရိုးကျ ဒဿနလေးတွေကို အသည်းစွဲတော့ ဒီသီချင်းလေးက ဟက်ထိသွားတယ်ဆိုမလားပဲ။ လောလောဆယ်တောင် ဒီလ အကြိုက်ဆုံးသီချင်းထဲမှာ သွားပြီးခင်းထားလိုက်တယ်။ကဲ “ကိုး” ကို စမ်းနားထောင်ချင်ရင်—

အိမ်(အငဲ)
မယုံနိုင်ဘူး(အငဲ)
ဗျူဟာ(အငဲ)

ကိုး
၁။ငရဲတစ်ပိုင်း
၂။မယုံနိုင်ဘူး
၃။အမှတ်တရဒဏ်ရာ
၎။ဗျူဟာ
၅။မီးမရှို့နဲ့
၆။အိမ်မက်ပုံပြင်
၇။မုဆိုး
၈။နောက်ဆုံးမိနစ်
၉။ကြိုတင်ကြံစည်မှု
၁၀။အိမ်
၁၁။ငါ့စိတ်နဲ့ငါ
၁၂။ငါသေနိုင်တယ်

ဒေါင်းဖို့အတွက်တော့………….”ဒီမှာ” ယူပါ။
ဆက်လက်ကြိုးစားပါဦးမည်။

>

ကျွန်တော်အကြိုက်ဆုံး Jon Bon Jovi,Richie Sambora,Andy တိုအဖွဲ့က အီရန်မှာ ကန့်ကွက်သူတွေအတွက် သီဆိုပေးထားကြတာပါ။ပုံမှန်ကတော့ ဒီသီချင်းလေးဟာ ရိုးရိုးအချစ်သီချင်းလေးတစ်ပုဒ်ပါ။စတင်သီဆိုခဲ့သူတွေကတော့ U2 အဖွဲကပါ။နောက်ဒီသီချင်းကို John Lennon ကလဲပြန်ဆိုထားပြီး ဒီသီချင်းကို ပြန်ဆိုကြသူတွေများလားတော့ ကမ္ဘာကျော်သီချင်းတစ်ပုဒ်အဖြစ်ကျော်ကြားခဲ့ပါတယ်။

Bon Joviက Farsiဘာသာ(ပါရှန်ဘာသာစကား)သီဆိုထားတဲ့ သီချင်းစာသားလေးကတော့-

Stand By Me

chords used : ( G,Em,C,D )Gdat wecur chame hur    Emmohammed datpurch      C            Dedor vach ehan furyur            Gbunma burch            Gdast beh dasthamsedaa  Emto baa man hamvatan    Cdardeh toDdardeh man           Gba man basshGso darling, darling stand by meEmOh,  stand by meC              Doh Stand by me,oh stand by meGIf the sky that we look uponEmShould tumble and fallC                      D                  GAnd the mountain should crumble to the seaGI won't cry, I won't cryEmNo I won't shed a tearC                    D                  GJust as long as you stand, stand by meGso darling, darling stand by meEmOh, stand by meC                      DStand by me, please please                      Gstand by me, stand by me

Dast beh dast (hand in hand)

Hamsedaa (sharing a voice)

To baa man hamvatan (you and I are compatriots)

Dardeh to (your pain)

Dardeh man (my pain)

Ba man bassh (stand by me)

မူရင်းသီချင်းစာသားကတော့-

When the night has come
And the land is dark
And the moon is the only light we see
No I won’t be afraid
No I won’t be afraid
Just as long as you stand, stand by me

And darling, darling stand by me
Oh, now, now, stand by me
Stand by me, stand by me

If the sky that we look upon
Should tumble and fall
And the mountain should crumble to the sea
I won’t cry, I won’t cry
No I won’t shed a tear
Just as long as you stand, stand by me

And darling, darling stand by me
Oh, stand by me
Stand by me, stand by me, stand by me

Whenever you’re in trouble won’t you stand by me
Oh, now, now, stand by me
Oh, stand by me, stand by me, stand by me

Darling, darling stand by me
Stand by me
Oh stand by me, stand by me, stand by me

ဒါကတော့ U2စဆိုစဉ်ကပါ။Bruce Springsteenနဲတွဲဖက်သီဆိုထားတာပါ။-

ဒါကတော့ John Lennon သီဆိုဟန်ပါ-

ကမ္ဘာအရပ်ရပ်က တူရိယာအစုံအလင်နဲ့ သီဆိုမှုလေးပါ။

>Mother

>


“အမေ”

အိပ်မရတဲ့ညတိုင်းမှာ
ချော့သိပ်တဲ့အမေရဲ့အသံတွေ
ကြားယောင်ဆဲပါ။

မှားရင်ရိုက်တဲ့
အမေရဲ့လက်တွေ
အခုတော့ မရှိဘူး
အဝေးဆုံးရဲ့ အဝေးမှာ
ဘဝတွေခြား။

သတိရတိုင်း
အမေ့ကိုတမ်းတရင်း
အမေ့ရဲ့ ကျမ်းစာအုပ်ကို
နေ့တိုင်းဖတ်လို့။

ပြန်ဆုံချင်ပါပြီ
ခွဲခဲ့ရတဲ့နေရက်များ
လွမ်းရတဲ့နေရက်များ
ရှည်ကြာလွန်းနေပြီ။

ပြန်ဆုံရန်အချိန်များ
ကြွေလဲမရ
ဝေလဲမရ
စက္ကန့်တိုင်းမှာ
ဘယ်လိုမှမေ့မရ။

အမေရေ…
သတိရတိုင်း
အမေရေ….
အမှတ်ရတိုင်း
ကျွန်တော်လေ
တစ်ယောက်ထဲ
အထီးကျန်လွန်းနေပြီ။

Follow

Get every new post delivered to your Inbox.