Category: ဆောဒ့်ဝဲ


>နှစ်သစ်မှာ ကိုယ်ကွန်ပျုတာလေးကို စိတ်ချသေချာအောင် ကြည့်ရှုပေးမယ့် ဗိုင်းရပ်ကာကွယ်ရေးတွေ တင်ပေးလိုက်ပါတယ်။ Antivirus Software တွေအများကြီးရှိပေမယ့် ကျွန်တော်ကတော့ လတ်တလော ကျွန်တော်သုံးနေတဲ့ Antivirus & Internet Security Software တွေပဲ တင်ပေးလိုက်ပါတယ်။

သူတို့ အကုန်လုံး သုံးကြည့်ဖူးတယ်။ အကုန်ကောင်းပါတယ်။ Avast နဲ့ AVG ကတော့ Crack Fileတွေ၊License Key တွေပါ ထည့်ပေးထားပါတယ်။ အကုန်လုံး Full Version ပြည့်ပြည့်ဝဝလေး သုံးနိုင်ပါတယ်။

Install လုပ်တာနဲ့ Crack ဖြည်တာတော့ မရှင်းပြတော့ဘူး။ မတတ်လို့ :P
(ကိုယ်ဘာသာ ကြုပ်ကြက်လိ့ ကြပါဗျာ။)

၂၀၁၁ နှစ်သစ်မှာအားလုံး လုံလုံခြုံခြုံရှိကြပါစေဗျာ။

How To Crack Avast! Internet Security & Pro 5.0.677 License File

ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ

>Portable Softwares

>Portable Applications Suite (Only Window User)

ကျွန်တော် ဆောဒ့်ဝဲတွေအကြောင်းမရေးတာ အတော်ကြာသွားပါပြီ။ကျွန်တော်ရဲ့ နောက်ဝါသနာတစ်ခုကတော့ ကွန်ပြူတာနဲ့ ဆောဒ့်ဝဲလေးတွေအကြောင်း လေ့လာတာနဲ့ ကလိတာပါ။အခုလဲ အလွယ်တကူနဲ့ အသုံးဝင်နိုင်တဲ့ Portable Applications Suite အကြောင်းလေးပြောချင်လို့ပါ။

တခါတလေ ကျွန်တော် သူများ ကွန်ပြူတာတွေသွားသုံးရင် ကြုံတတ်လွန်းလို့ပါ။သူများကွန်ပြူတာတွေ၊ နောက်အင်တာနက်ကဖီးတွေမှာ သွားသုံးရင် အများအားဖြင့်တော့ ကိုယ်သုံးလေ့သုံးထရှိတဲ့ ဆောဒ့်ဝဲတွေမရှိခဲရင် သုံးရတာ နဲနဲကသိကအောင့်တော့ဖြစ်လေ့ရှိတယ်။နောက်ပြီး တခါတလေ အရမ်းအရေးကြီးတာတွေ သုံးချင်တဲ့အခါ သူတို့တွေမှာ ရှိတဲ့ဆောဒ်ဝဲက ကိုယ်သုံးနေကြမဟုတ်တာတို့ သူတို့က installမလုပ်ထားတာတို့ဆိုရင် အတော်ဒုက္ခရောက်ပါတယ်ဗျာ။နောက်တခုက internet မချိတ်ထားတဲ့ ကွန်ပြူတာဆိုရင်လဲ ကိုယ်လိုချင်တာလဲ ဒေါင်းမရ၊ သူဆီမှာလဲမရှိရင်တော့ ပိုဆိုးပေါ့။အိမ်ပြန်ပြီးပဲ ကိုယ်ကွန်ပြူတာကြီးပဲမလာရတော့မလိုပဲ။

အခုကျွန်တော် ရေးထားတဲ့ Portable Applications Suite လေးကိုသာ သင်သွားလေရာယူသွားလေ့ရှိတဲ့ Pen Drive (Portable drive), USB Thumbdrive, PDA (Personal Digital Assistant)or iPod လေးတွေမှာ ထည့်သွင်းထားလိုက်ရင် သင်ဘယ်သွားသွားပေါ့ သင့်ရဲ့သုံးနေကြ ဆော့ဒ်ဝဲလေးတွေကိုပါ အလွယ်တကူ သင်နဲ့အတူယူဆောင်လို့ရသွားတာပေါ့ဗျာ။နောက်ပြီး ဒီPortable Applications Suite ထဲမှာပါတဲ့ ဆောဒ်ဝဲလေးတွေအပြင် နောက်ထပ် မည်သည့် Portable Softwareလေးတွေကိုလဲ ထပ်မံထည့်သွင်းယူသွားလို့ရပါတယ်။

Portable Software သုံးဖူးပြီးသားသူတွေ အတွက်ကတော့ ဒီလိုမျိုး Portable Software လေးတွေ ဘယ်လောက်ကောင်းကြောင်း၊ အသုံးဝင်ကြောင်းကို သိကြပါတယ်။Portable Softwareလေးတွေဟာ သူတို့ရဲ့မူလSoftware ထက်လဲ အရွယ်အစား ပမာဏလည်းသေးငယ်တယ်။သုံးရတာလဲ အတူတူလောက်ပါပဲ။Installလုပ်တဲ့ အခါမှာလဲ နဂိုပုံစံ installလုပ်သလိုပဲ Portable Software file လေးကို ကိုယ်ကွန်ပြူတာလေးမှာ run ပေးပြီး location ရွေးခိုင်းတဲ့နေရာရောက်ရင်သာ သင်တို့ရဲ့ Pen Drive လေးထဲကို ရွေးချယ်ပေးလိုက်ပြီး သူအလိုလိုဆက်လက် install လုပ်သွားပါလိမ့်မယ်။သင့်ရဲ့ Pen Driveလေးကိုသာ Portable Softwareလေးတွေမသွင်းခင် သင့်ကွန်ပြူတာနဲ့ ချိတ်ဆက်ထားဖို့လေးတော့ လုပ်ပေးရမှာပေါ့ဗျာ။

Install လုပ်ပြီးသွားရင်လဲ သင်သွင်းယူလိုက်တဲ့ Pen Drive လေးမှာ သွင်းလိုက်တဲ့ ဆောဒ်ဝဲလေးကို သွားပြန်ကြည့်လိုက်ပါ။သွင်းလိုက်တဲ့ Portable Software ဖိုင်လေးတွေ့ပြီဆိုရင်တော့ အဲဒီဖိုင်ထဲက .exe file လေးရှာပြီး စတင်သုံးလို့ ရပါပြီ။ဒါက သာမာန် Portable Software သုံးပုံသုံးနည်းလေးပါ။

Portable Applications Suite မှာကြတော့ အသင့်ပါပြီးသား Applicationsလေးတွေရှိပါတယ်။ သူက Window Start Menu လိုသူ့ရဲ့ Start Menu ပါတော့ သုံးရတာလွယ်ပါတယ်။

  • * Mozilla Firefox, Portable Edition (ကျွန်တော်တို့ရဲ လက်ဆွဲတော် web browserပါ။)
  • * Mozilla Thunderbird, Portable Edition (email သုံးဖို့ပါ။)
  • * Mozilla Sunbird, Portable Edition (calendar/tasks)
  • * ClamWin Portable (antivirus)
  • * Pidgin Portable (instant messaging)
  • * Sumatra PDF Portable (PDF reader
  • * KeePass Password Safe Portable (password manager)
  • * Sudoku Portable ( ဂဏန်းလေးတွေ စီထည့်တဲ့gameလေးပါ)
  • * Mines-Perfect Portable (game)
  • * CoolPlayer+ Portable (audio player)
  • * OpenOffice.org Portable* (office suite)
  • – Writer (word processor)
  • – Calc (spreadsheet)
  • – Impress (presentations)
  • – Base (database utility)
  • – Draw (drawing)
  • * Mozilla Firefox, Portable Edition (web browser)
  • * Mozilla Thunderbird, Portable Edition (email)
  • * Mozilla Sunbird, Portable Edition (calendar/tasks)
  • * ClamWin Portable (antivirus)
  • * Pidgin Portable (instant messaging)
  • * Sumatra PDF Portable (PDF reader
  • * KeePass Password Safe Portable (password manager)
  • * Mines-Perfect Portable (game)
  • * CoolPlayer+ Portable (audio player)
  • * OpenOffice.org Portable* (office suite)
  1. – Writer (word processor)
  2. – Calc (spreadsheet)
  3. – Impress (presentations)
  4. – Base (database utility)
  5. – Draw (drawing)

သူရဲ့မူရင်းဆိုဒ်ကတော့ www.portableapps.com ပါ။သူဆီ Portable Applications Suite ကို ဒေါင်းဖို့ သုံးမျိုးရှိပါတယ်။
Platform Only -
Suite Light -
Suite Standard -
ကွဲပြားပုံကိုတော့ သူဆီမှာလေ့လာလိုက်ပါဗျာ။ကျွန်တော်ကတော့ Platform Only ပဲရွေးသုံးပါတယ်။သူပေးထားတဲ့ Applications တွေ သိပ်မကြိုက်လို့ပါ။နောက်မှ ကိုယ်ကြိုက်တဲ့ Portable Software လေးတွေပဲ ရွေးပြီး Install လုပ်လို့ရအောင်ပါ။Portable Applications Suiteကို ဒီမှာ ဒေါင်းယူပါ။ဒေါင်းပြီးရင် စပြီး Install လုပ်ပါ။

သူရဲ့လိုင်စင်ကို သဘောတူတယ်ပေါ့။ကိုယ်ကသုံးချင်တယ်ဆိုရင်တော့ ဘာဖြစ်ဖြစ်တော့ တူရမှာပေါ့ဗျာ။
ဒီနေရာလေးမှာ ကိုယ်သုံးချင်တဲ့ Pen Drive လေးရှိတဲ့နေရာကို ရွေးပေးရမှာပါ။


ကျွန်တော်ကတော့ ကျွန်တော်ရဲ့ Pen Drive Dangoကို ဒီလိုရွေးလိုက်ပြီး OK နှိပ်လိုက်ပါတယ်။

OK ပြီးရင်တော့ သူဘာသာ Install လိမ့်မယ်။ပြီးရင် သင့်ရဲ့ ကွန်ပြူတာ Task Bar ကPortable Applications Icon လေးနှိပ်ကြည့်လိုက်ပါ ဒီလိုလေးပေါ်လာပါလိမ့်မယ်။
သူရှဲ့Start Menu က Optionကိုနှိပ်ပါ။ပြီးရင် Install New App ကိုနှိပ်ပြီး သင်လိုချင်တဲ့ Portable Software ရှိရာနေရာကို ရွေးပြီး Install လုပ်ပါ။သင်မှာ Portable Software လေးတွေ အရင် ဒေါင်းထားပြီးသားရှိရမှာပါ။
ကျွန်တော်ကတော့ ဥပမာအနေနဲ့ ကျွန်တော် ဒေါင်းထားတဲ့ 7-Zip Portable Software လေးကိုရွေးပြီး Install လုပ်ပြထားပါတယ်။
7-Zip Portable Software ကို Install သွင်းပြီးသွားတဲ့ ပုံပါ။ဒီလိုမျိုး နောက်ထပ်Portable Software လေးတွေကို ဆက်လက်သွင်းနိုင်ကြပါပြီ။
ဒါကတော့ ဗီဒီယိုလေးနဲ့ရှင်းပြထားတာပါ။

ကဲဒီအောက်မှာ အသုံးဝင်မယ့် Portable Software တွေပါ။

Accessibility & Office

Graphics & Pictures

Blender Portable – 3D modelling, animation, rendering, post-production, playback
Cornice Portable – image viewer with slideshow
Dia Portable – full-featured diagramming tool
GIMP Portable – Photo and Image Editor

Music & Video

Development

Internet

Utilities

ဒါကတော့ ကွန်ပြူတာနည်းပညာတွေကြီးပဲ ရေးသားတဲ့ ညီလေး ညီနေမင်း စုဆောင်းထားတဲ့ Portable Software တွေရှိတဲ့နေရာလေးပါ။သူဆီမှာလဲ Portable Software တွေအတော်ကိုစုံလင်အောင်စုဆောင်းထားတာကိုတွေ့ရပါတယ်။

ဆက်လက်ကြိုးစားပါဦးမည်။

>



Free Video Cutter (Freeware)

ဒီဆော့ဒ်ဝဲလေးက သင့်ရဲဗီဒီယိုဖိုင်များကို ဖြတ်ခြင်း၊ ဆက်ခြင်း၊ အရွယ်အစားသေးငယ်အောင် ချုံခြင်းများကို
ပြုလုပ်နိုင်သော freeware လေးပါ။
ဒီဆော့ဒ်ဝဲလေးကို “videocutter”, “videosplitter” သို့မဟုတ်“videoclipper” များအနေနဲ့အသုံးပြုနိုင်ပါတယ်။နောက်ပြီး ဒီပရိုဂရမ်ကနေ သင့်ရဲ ဗီဒီယိုဖိုင်များရဲ့  Formatsကို MPEG 1/2, MPEG4, DivX, Xvid, AVI, WMV, Quicktime MOV, Flashvideo ဖိုင်များအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။အထူးအထွေ ဘာမှလုပ်စရာမလိုအပ်ဘဲ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ပြီး အရည်အသွေးကောင်းသော ဗီဒီယိုများကို သင်မြင်တွေခံစားနိုင်ပါသည်။
အသုံးပြုနိုင်သောဗီဒီယိုFormatများမှာ-
* MPEG4
* DivX
* WMV (Windows Media Video)
* Quicktime MOV
* Flash Video (*.flv)
* MP3 (only audio)
ဒီထက်ပို၍ လေ့လာလိုလျှင်သူ့Website လေးမှာ www.freevideocutter.com 
ဒေါင်းလုပ်လိုလျှင်

>

Windows ကွန်ပြူတာစနစ်တွင် ပရိုဂရမ်တစ်ခုကို ပြန်လည်ဖယ်ရှားသည့်အခါ အကြွင်းအကျန်မရှိ ဖယ်ရှားခြင်းမျိုး တခါတရံမှသာရရှိနိုင်ပြီး Registryများကိုမဖယ်ရှားနိုင်ပေ။
ဤအရေးကိစ္စကို အလွယ်တကူဖြေရှင်း ပေးနိုင်တာကတော့ www.revouninstaller.comမှ Freeပေးတဲ့ RevoUninstaller လေးပါ။ဖိုင်ဆိုက်ကလည်း 1.03MBလောက်လေးပါ။
Revoကိုအသုံးပြုပြီး ကိုယ်မလိုအပ်တော့တဲ့ဖိုင်များကို ဖယ်ရှားပါက ဖယ်ရှားသည့်ပရိုဂရမ်နှင့် သက်ဆိုင်သည့်အချက်အလက်များအပြင် Registryများကို အသေးစိတ်ဖယ်ရှားပေးသည်။
ဖယ်ရှားမှု မမှားရအောင်လည်း Backupလုပ်ထားတဲ့စနစ်ပါရှိပါသည်။
ပထမဦးဆုံး Advanceစနစ်တွင် ပရိုဂရမ်ကိုရှင်းလင်းမည့် Dataများကိုရှာပြီး Creating System Restore Pointလုပ်ပါတယ်။ပြီးတော့ ဖယ်ရှားသည့်ပရိုဂရမ်နှင့်
သက်ဆိုင်သည့် အချက်အလက်များကို စီစစ်ပါသည်။တတိယအဆင့်နေဖြင့် BuiltUninstall
ကိုရှာပြီးဖယ်ရှားပါသည်။
စတုထ္ထအဆင့်အနေဖြင့် ကျန်ရှိနေသော Registryရှာပြီးဖယ်ရှားပါသည်။
နောက်ဆုံးအနေဖြင့်ကျန်ရှိနေသော Dataများကို ကွန်ပြူတာထဲမှ အပြီးသတ်ဖယ်ရှားပါသည်။ ထိုအပြင် ၀င်းဒိုးစနစ်စတင်ချိန်တွင် အလိုအလျောက် စတင်အလုပ်လုပ်သည့် ပရိုဂရမ်များကိုလဲ ရွေးချယ်ပြီး ရပ်တန့် နိုင်ရန်ဆောင်ရွက်ပေးသည်။
သူ့ တွင်ရှိသည့် Hunter Mode ကလည်း Installသွင်းနေသည့် ပရိုဂရမ်ဧ။်သက်ဆိုင်သည့် အချက်အလက်များ၊Registryများကိုမှတ်ထားပေးသည်။
ကဲဒီအတိုင်းဆို မိတ်ဆွေတို့ ဒီ RevoUninstallလေးကို အသုံးပြုနိုင်လောက်ပြီ ထင်ပါတယ်။
ဤနေရာမှ Download ယူပါ……….Revo Uninstaller Download

>

Internet တပ်ဆင်ထားသော ရုံးများတွင် Computer ဖြင့် အလုပ်လုပ်သူများ ၊ စာသင်ခန်းများ တွင် Computer သုံးရသူများ အပြင် Internet Cafe များတွင် Computer သုံးစွဲသူများသတိထားရန်…
…မိမိသုံးစွဲနေသော Computer ပါဝင်သည့် Local Network (ဥပမာ…ရုံး၊ စာသင်ခန်း၊ Internet Cafe) အတွင်း၌ Computer အားလုံးကို Control လုပ်နိုင်သော Main Server Computer တစ်လုံးပါဝင်နိုင်ပါသည်။ ၄င်း Main Computer မှ အခြားသော Computer များကို မြင်နိုင်၊ ကြည့်နိုင်သော လွယ်လွယ်ကူကူ Software များရှိပါသည်။ထိုအထဲမှ ကျွန်တော်သုံးဖူးသောနည်းကို ဖော်ပြပေးထားပါသည်။ ထိုနည်းအသုံးပြုရန် တစ်ခြား Computers များ၏ Computer Name သို့မဟုတ် Local IP address ကိုသိရန်လိုသည်။ ကျွန်တော်အတွေ့အကြုံအရ IP address နှင့် အသုံးပြုတာ ပိုအဆင်ပြေပါသည်။ Local IP address ကို သိနိုင်ရန်အတွက် ကျွန်တော် Blog တွင်ဖော်ပြထားသော Network Magic Software ကို သုံးနိုင်ပါသည်။ ထို့ကြောင့် Network Magic အရင် Install လုပ်ထားဖို့လိုအပ်ပါသည်။…
…တစ်ခြား Computers များကို ကြည့်မြင်နိုင်တဲ့ Softwares တွေထဲမှ တစ်မျိုး ကတော့ LANVisor ဖြစ်ပါသည်။

Software Download Link(ဒီနေရာမှာကလစ်နှိပ်ပါ)

expand(document.getElementById(‘ddet200790254′));expand(document.getElementById(‘ddetlink200790254′))


…Zip သို့ Exe file ကို Download လုပ်ပြီး Install လုပ်ရပါမည်။ Install လုပ်ရာတွင် Client နှင့် Server နှစ်မျိုး ရှိပါသည်။ Main Server Computer ဖြစ်သော မိမိ Computer တွင် Server ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။


…တစ်ခြား Computers များတွင် Client ကို Install လုပ်ပါ။ အောက်ပါပုံအတိုင်းဖြစ်ပါသည်။


…Client Computers များတွင် LANVisor Install ကို မမြင်ရအောင် အောက်ပါအတိုင်း Hide လုပ်ပြီး Install လုပ်၍ Application ကို Run ပါ။ တစ်ခြား Client Computers များတွင် လည်း ထိုအတိုင်း ဆက်လုပ်ပေးပါ။


…ပြီးလျင် မိမိ၏ Server Computer မှ Install လုပ်ထားသော Network Magic ဖွင့်ကြည့်၍ တစ်ခြား Computers များ၏ Local IP address များကို မှတ်သားထားရပါမည်။ ထို့နောက် Install လုပ်ပြီးသွားသော LANVisor ကိုဖွင့်ကြည့်လျင် အောက်ပါပုံမျိုးကိုတွေ့ရပါမည်။


…ထို LANVisor window ၏ Menu Bar မှ Setting ၊ ထိုမှတဆင့် Client Manger ကိုသွားလျင် အောက်ပါပုံကိုတွေ့ရပါမည်။


…ထို window မှတဆင့် Add လုပ်လျင် အောက်ပါပုံအတိုင်း တက်လာပါမည်။


…ထို Add new client တွင် Computer name မရွေးပဲ IP address ကို Select လုပ်၍ Network Magic ဖြင့်တွေ့မြင်ရသော တစ်ခြား Client Computers များ၏ IP address များကို ရိုက်ထည့်ပေးရပါမည်။ ပြီးလျင် Add လုပ်ရပါမည်။ Computer တစ်လုံးစီ လုပ်ပေးရမည်ဖြစ်ပြီး နောက်ဆုံး OK ကို Click လုပ်လိုက်လျင် အောက်ပါပုံကိုတွေ့မြင်ရပါမည်။


…ထို့နောက် Play သင်္ကေတဖြစ်သော Start Client ပဲဖြစ်ဖြစ် Start All Client ပဲဖြစ်ဖြစ် Click လုပ်လိုက်လျင် တစ်ခြား Computers များ မည်သို့လုပ်နေလဲ၊ မည်သည့် Website များကြည့်နေလဲ ဆိုတာတွေ့မြင်ရပြီဖြစ်ပါသည်။


…Computer တစ်လုံးစီကို Full Screen ကြည့်ရန်သော်လည်းကောင်း၊ Screen Shot လုပ်ရန်သော်လည်းကောင်း Right Click လုပ်၍ ကြည့်နိုင်ပါသည်။
…ဒီ LANVisor Software ကို ရုံး၊ ကျောင်း စသည်များတွင် Network Computers သုံးရသူများ သတိထားသုံး၍ ရအောင်ဖော်ပြပေးလိုက်ပါသည်။

Follow

Get every new post delivered to your Inbox.