>အခုလောလောဆည် Face Book မှာ ငယ်သူငယ်ချင်းတွေနဲ့  အလုပ်ရှုပ်နေလို့  ဘလောခ့်ဘက်မလှည့်ဖြစ်တာပါ ကိုဖြိုးရေ။Postလုတ်ဖို့ အများကြီးရှိတယ်။မြန်မာလိုရေး ရတာနဲနဲကြာလို့ ရယ်Chatထဲအနေများလို.ရယ်ကြောင့်ပါ။
ငယ်ငယ်က ရေးဘူးတဲ့ကဗျာလေးပဲတင်လိုက်တယ်..။မူရင်းအတိုင်းတော့မဟုတ်တော့ဘူး နဲနဲမေ့နေပြီ အဆင်ပြေသလို ခံစားပေးကြပါဦး။ အဲဒီတုန်းက ခရာလင်းဆိုတာနဲ့ ရေးတာ။အခုတော့ ခံစားချက်တွေ မိုးခေါင်ကုန်ပြီ…။

*.*.*မိုးခေါင်ရပ်ဝန်း*.*.*

တိမ်မဲတွေညို
ရွာပါလိမ့်နိုး မျော်လင့်နေရ
လွင်တီးခေါင် ငါ့နှလုံးသားလဲ
ချောက်ကပ်လို့ လေ…….။

ရွာပြန်တော့လဲ
တိမ်ဖြူသဲလို
တပေါက်ပေါက်ရွာချ
မိုးခေါင်တဲ့ ငါ့နှလုံးသားလဲ
ရွှဲနစ်လို့ လေ….။

ခရာလင်း

Evening GTI ၁၉၉၈ -၂၀၀၀မှရေးဖော်ရေးဘက်သူငယ်ချင်းများ
ဂန္ဒီ၊ကျန်ကျောင်း၊နွားကြီး၊အငြိမ်းတို့ ကို
သတိရလျှက်