>

စာမရေးဖြစ်တာ ကြာသွားလို့ လာရောက်လည်ပတ်ပြီးမေးသွားကြတဲ့ ဘလောခ်ရောင်းရင်းပေါင်းအသင်းများကို တောင်းပန်သမှု ဂါရဝပြုလိုက်ရပါတယ်။ စာရေးချင်စိတ်လေးကရှိပါတယ်။ဘလောခ့်ပေါ် ခြေဦးမလှည့်နိုင်လောက်အောင်ကို အလုပ်တွေပိပြားနေလိုပါ။
အခုလဲ မနှင်းက စာရေးငပျင်းအကျွန်တော့်ကို ငယ်ရွယ်စဉ်က ကျောင်းက ဆရာမက အိမ်စာပေးသလို အိမ်တိုင်ရာရောက်လာရောက် အိမ်စာတွေပေးသွားတဲ့အတွက် လာမည့်အရေးပြေးတွေ့ဆိုသလိုပါပဲ ကြံရည်ညစ်သလို ဖြစ်ညစ်ပြီး ရေးသားလိုက်ရပါတယ်။
နဂိုထဲက ကျွန်တော်စာတွေကို လာရောက်အားပေးကြတဲ့ ဘလောခ်ရောင်ရင်းပေါင်းအသင်းတွေအပေါ် လာရောက်လည်ပတ်သွားရင်းနဲ့မှ ကျွန်တော်ရဲ့ စာပေပြခန်းလေးထဲမှ အကုန်မဟုတ်ရင်တောင်မှ တစ်ခုခုဆီလောက် အကျိုးရရသွားကြတယ် ဆိုရင်ကို ကျွန်တော်အနေနဲ့ ပျော်ရွှင်ကြည်နူးရတာအမှန်ပါ။စာသိပ်မရေးဖြစ်ချိန်မှာ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းမောင်နှမ ညီအကိုတွေကိုလဲ ကျေးဇူးအထူးပါ။ တတ်နိုင်သလောက်လဲ ကြိုးစားရေးသားပါဦးမယ်။ အားပေးကြပါဦး။ ကူညီဖတ်ပေးကြပါဦး။ ဝေဖန်အကြံဥာဏ်လေးများးလဲ ပေးကြပါဦး။ ကော်မန်လေးတွေရရင်ကို ဘာနဲမှ နှိုင်းမရတဲ့ အားဆေးကောင်းတခွက် ဘလောခ်မော်ကွန်းလေးတွေပါပဲ။


လူရယ်လို့ ဖြစ်လာကြရမှတော့ လူသားဆန်ဖို့အတွက်တော့ နိစ္စဒူဝ သွားလာရှင်သန် လှုပ်ရှားရုန်းကန်ကြရမှာတော့ မလွဲဘူးလေ။
ရေဘူယျကတော့ နေ့ဆိုရင် အလုပ်လုပ်ကြမယ်၊ ညဆိုရင် အိပ်စက်အနားယူကြမယ်။
တခါတလေ တချို့သူတွေအတွက်တော့ပြောင်းပြန်အချိုးကြချင်ကြနေမယ်။ အများစုစာအတွက်ကြတော့ ဒါဟာပုံသေနည်းပဲ။
အဲဒီသီအိုရီလေးပေါ်မှာပဲ အနဲနဲ့အများ ဖြေရှင်းနေထိုင်သွားကြရတယ်။ တနေပြီးတနေ့ ဟော…..မနက်ရောက်လာပြန်ပြီ၊ နိစ္စဒူဝအလုပ်တွေ သိမ်းကြုံးလုပ်ကိုင်ရင်း ဟော…..မိုးချုပ်သွားပြန်ပြီ။
သြော်…………တခါတလေကြတော့လဲ အချိန်တွေရယ်…….. ကုန်လွယ်လိုက်တာ….. နဲတောင်နဲများနေသလားလိုထင်မိတယ်။
တခါတလေများကြပြန်တော့ အချိန်တွေက မကုန်နိုင်မခမ်းနိုင်သလိုပဲ နှေးနေတယ်လိုပင်ထင်ရမိသည်။လူ့အလို နတ်မလိုက်နိုင်သလိုထင်ပါ့။ 

ပျော်ရွှင်မှုတွေ၊သာယာမှုတွေအနားမှာ ရောက်ရှိနေချိန်ဆို လူသားသဘာဝအတိုင်း ဒီလိုအခွင့်အရေးမျိုးတွေကို အချိန်တိုတိုအတွင်း လက်လွှတ်လိုက်ရမှာကို စိုးရွှံလိုနေမိပြန်တယ်။

တခဏတာလေး သာယာပျော်ရွှင်မှုမျိုးကို ရာသက်ပန် လိုလားပိုင်ဆိုင်မှု အတ္တလေးနဲ့ ဖြားယောင်းနေမိတယ်။ 
တဒင်္ဂ အခိုက်အတန်းကလေးအတွင်းမှာပဲ သင်္ခါရဆိုတာကြီးကို လစ်လျုရှုပြီး မှော်ဆန်ဆန်သွေးဆောင်မှုတွေ ပေါ်မှာပဲ မူးယစ်မျောပါနေမိတော့တယ်။
ဟော….ဒုက္ခတွေ၊ ပြသာနာတွေ လာပြီဆိုရင်တော့ လူသားဆန်ဆန် အော်ဂလီဆန်စွာနဲ့ ငြင်းပယ်လိုတာပဲ။
ဒါပေမယ့် ဒီလိုကောင်တွေကြတော့လဲ လှိုက်လှဲပျုငှာစွာနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ခရီးဦးကြိုမပြုချင်ကြဘူးလေ။
ဒါကိုပဲ လောကဓမ္မတာအရ အလိုက်ကမ်းဆိုးမသိပဲ အစုလိုက်အပြုံလိုက် လာလိုက်ကြတာကတော့ ဒုက္ခကိုယ်တော်ပါပဲ။
သူလာပြီဆိုလို့ကတော့ နာဂစ်မုန်တိုင်းလိုပါပဲ အထက်လှန်အောက်ဆန် ဗြောက်သောက်မြန်အောင်ကို ခလောက်ဆန်သမတော့တာပဲ။
အခန့်မသင့်ရင်များ ဗူစီဘောင်းတွေ တဖောင်းဖောင်းပေါက်သလိုပါပဲ အရင်က လမ်းကြုံရောက်လာတဲ့ ပျော်ရွှင်စရာလေးတွေဟာ အိပ်မက်တွေ ပေါက်ပြယ်လွင့်ကွယ်ကုန်ပါတယ်။
ဒီလိုမျိုးကြောင်းကျိုးလေးတွေကတော့ နိစ္စဒူဝကူးလူးသွားလာနေကြတဲ့ မဟာလူသားအကျွန်မျိုးတို့ထံကို လာရောက်ဘောင်ဘင်ခတ်လေ့ရှိနေကြတဲ့ နိစ္စဒူဝအပိုင်းလေးတွေထဲက မလွဲမသွေတွေကြုံနေကြရမယ့် အပိုင်းအစလေးတွေပါပဲ။
ပျော်ရွှင်မှုတွေ ကြာရှည်ခိုအောင်းပြီး ဒုက္ခဘေးဆိုးကြီးမှ ကင်းစင်လွှတ်မြောက်နိုင်ကြပါစေ။