>

2009 ဖြတ်သန်းခဲ့တာ ဘယ်လိုသိနိုင်သလဲ…………

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်နေမိမယ်။

၂။ ဖဲကို တကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။

၃။ မိသားစု သုံးယောက်ထဲတင် ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ ခုရှိနေမယ်။

၎။ ခုံချင်းကပ်ရက် အလုပ်လုပ်နေသူကို ပြောစရာရှိနေရင်တောင် အီးမေးလ်ပို့တယ်။

၅။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ဝယ်လာတဲ့ ပစ္စည်းလာသယ်ဖို့ မိုဘိုင်းနဲ့ လှမ်းခေါ်မယ်။

၆။ တီဗီက ကြော်ငြာတွေက ဝက်ဆိုဒ်လိပ်စာနဲ့ အွန်လိုင်းကပဲ ဈေးဝယ်နေလိမ့်မယ်။

၇။ သူငယ်ချင်းတွေ၊ အမျိုးတွေနဲ့ Face Book လို Virtual World တွေမှာပဲ လက်ခံတွေမယ်။

၈။ သင့်ရဲ့ လွန်ခဲ့သော ၁၀နှစ်၊ အနှစ် ၂၀ လောက်က သင်နဲ့ အတူမရှိခဲ့ဘူးတဲ့ ဟန်ဖုန်း အိမ်က အထွက်မှာ ပါမလာတာနဲ့ပဲ သင်ဟာ ထိတ်လှန့်သွားပြီး နောက်ပြန်လှည့် အမြန်ယူတော့တာပဲ။

၁၀။ အိပ်ယာကထတာနဲ့ ဘာမှ မစားနိုင်သေးပဲ အွန်လိုင်းတက်မယ်။

၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။

၁၂။ ဒါကို ဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။

၁၃။ နောက်ပြီး သင်ဒီမက်ဆေ့ခ်ျကို ဘယ်သူတွေကို Forward လုပ်ရမလဲ စဉ်းစားနေပြီ။

၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ကိုး မပါတာတောင် မသိလိုက်ဘူး။

၁၅။ အမယ်…..နံပါတ်ကိုး တကယ်မပါဘူးလားဆိုပြီး အပေါ်က စာကြောင်းကို ပြန်ဖတ်နေတယ်။

…………………….အဲဒါကြောင့် ပြောပါတယ်။ သင် ၂၀၀၉ ထဲရောက်ခဲ့တယ်လို့။

ဘယ်ကနေ ဘယ်လို လူတစ်ယောက် ပိုလာတာလဲနော်????

ဆက်လက်ကြိုးစားပါဦးမည်။